Pages

Monday, 4 January 2016

လူမျိုးကြီး ဝါဒစွဲ အမြင်ကျဉ်းသမားများရဲ့ အနုပညာ


ဖြေရှင်းရခက်တဲ့ နားလည်ရခက်တဲ့ သမိုင်းအခြင်းအရာများကို အဖြေရှာတွေ့ပြီးသားပုံစံ နှင့် ပြန်လည် ရေးပြတဲ့အခါ ရှင်းလင်းပြီး နားလည်ရလွယ် သမျှ ဖော်ပြရေးသားချက် ဘယ်အရာကို မဆို ဖတ်ကြည့်လိုက်တာနဲ့ အောက်ပါအချက်များ အနက် တစ်ခုခုကို စောင်းပေးဖော်ပြ ထားတာပဲတွေ့ရပါလိမ့်မယ် ပုံပြင်ပမာ သိပ်ဖတ်ကောင်းနေပါလိမ့်မယ်
(၁) ရှေးအနှစ်နှစ်ထောင်က ပျူအထောက်အထားများကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသည်ဟု ဖော်ပြပါရှိပါလိမ့်မယ် ။
(ဖော်ပြချက်ဟာ ဒီမှာတင် မရပ်ပါဘူး ပျူနှင့်အတူ ဗမာများသည် အစဉ်အလာကြီးသောသူများဖြစ်သည်လို့ ဆက်ပြောပါလိမ့်မယ်။ ပြီးတော့ ပျူအထောက်အထားတွေ့နေရာကနေ ဘယ်လိုကဘယ်လို ဗမာအထောက်အထားအဖြစ် ပြောင်းမှန်းမသိ ပြောင်းသွား ပါလိမ့်မယ်)